Tuesday, November 27, 2012

Facebook သုံးနိုင်သော မြန်မာကျပ် ၅ သောင်းတန် Nokia ဟန်းဆက်

အမေရိကန်ဒေါ်လာ ၆၂ ဒေါ်လာ ဆိုတော့ မြန်မာကျပ်ငွေ ၅ သောင်းဝန်းကျင် သာ ရှိတဲ့ ဖုန်း ဖြစ်ပါတယ်။ လွန်ရောကျွန်ရော ၇ သောင်းထက် မပိုနိုင်မယ့် ဖုန်း ဖြစ်ပြီး Facebook သုံးဖို့အတွက် Nokia မှ အ
ထူးရည်ရွယ်လို့ ထုတ်လုပ် လိုက်တဲ့ ဖုန်း ဖြစ်ပါတယ်။

Nokia Asha ဖုန်းစီးရီးကနေ ထပ်ထွက်လာမယ့် ဖုန်း ဖြစ်ပါတယ်။ Windows ဖုန်းများ Nokia တို့ ထုတ်လုပ်ပေမယ့် Nokia Series OS သုံး ဖုန်းများကို မစွန့်လွတ်သွားပါဘူး။ ပေါ့ပေါ့ပါးပါး Series 40 OS ကိုအခြေခံ တဲ့ နိုကီယာ ဈေးသက်သာဖုန်းများ ယနေ့တိုင် ထုတ်လုပ်နေဆဲ ဖြစ် ပါတယ်။

ယခုလည်း Nokia Asha Series 40 OS ကိုအခြေခံလို့ Facebook အပြင် အခြား အင်တာနက် Service များ အသုံးပြုလို့ အဆင်ပြေအောင် ဖန်တီး ပေးထားပါတယ်။ Micro SD ကဒ်က 32 GB အထိ Upgrade လုပ်နိုင်ပါတယ်။ ကင်မရာကတော့ 1.3 megapixel ပဲ ရှိပါတယ်။ မျက်နှာပြင် အကျယ်ကတော့ ၂.၄ လက်မဖြစ်ပြီး ကီးဘုတ်ဖုန်း ဖြစ်ပါတယ်။ ကီးဘုတ်နဲ့ တစ်မျိုး၊ ထုံးစံ ထုတ်နေကျ အက္ခရာ သုံးလုံးပေါင်း Buttom တစ်ခုပါ QWERTY ကီးဘုတ်အမျိုးအစားကလည်း တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Asha 205 နဲ့ 206 ဆိုပြီး မော်ဒယ် နှစ်မျိုးကွဲရပါတယ်။

Facebook, Twitter, Email နဲ့ အခြား Social Network အချို့ ကို ထည့်သွင်း ပေးထားပါတယ်။ Nokia ရဲ့  Online စတိုးနဲ့လည်း တိုက်ရိုက်ချိတ်ပေးထားပြီး app အချို့ လည်း Download ဆွဲ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Screen resolution ကတော့ Facebook အသုံးပြုရယုံပဲ ဖြစ်ပါတယ်။ ယခင်က မော်ဒယ်နိမ့် နိုကီယာကီးဘုတ်ဖုန်းများ လိုပဲ ဖြစ်ပါတယ်။ ဈေးသက်သာဖို့အတွက် ရည်ရွယ်ထားခြင်း ဆိုတော့ Facebook နဲ့ အခြား Social Network တို့ အသုံးပြုလို့ ရတာနဲ့တင် အဆင်နေပြီ ဖြစ်ပါတယ်။

Bluetooth လည်း ပါဝင်ပါသေးတယ်။ GSM ဖုန်း ဖြစ်ပြီး SIM ကဒ် တစ်ကဒ်ထည့်နဲ့ နှစ်ကဒ်ထည့်ဆိုပြီး နှစ်မျိုးထုတ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံမှ ဆင်းမ်ကဒ် နှစ်ကဒ်ပြိုင်တူသုံးတဲ့ ယဉ်ကျေးမှုရှိပေမယ့် မြန်မာပြည်မှာတော့ မလိုအပ်သေးပါဘူး။

Facebook Phone ဟန်းဆက် တစ်လုံးဝယ်ပြီး ဈေးသက်သက်သာသာနဲ့ Facebook အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ အရောင် လေး၊ ငါးမျိုးမက ထုတ်လုပ်ထားပါတယ်။ မြန်မာကျပ်ငွေ ၅ သောင်း ဝန်းကျင် လို့ ခန့်မှန်းရတဲ့ Asha 205 နဲ့ 206 ကို ၂၀၁၂ နှစ်မကုန်ခင် စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

1 comment:

  1. Facebook သုံးနိုင်သော မြန်မာကျပ် ၅ သောင်းတန် Nokia ဟန်းဆက် ~ Shikamaru >>>>> Download Now

    >>>>> Download Full

    Facebook သုံးနိုင်သော မြန်မာကျပ် ၅ သောင်းတန် Nokia ဟန်းဆက် ~ Shikamaru >>>>> Download LINK

    >>>>> Download Now

    Facebook သုံးနိုင်သော မြန်မာကျပ် ၅ သောင်းတန် Nokia ဟန်းဆက် ~ Shikamaru >>>>> Download Full

    >>>>> Download LINK

    ReplyDelete