Thursday, December 13, 2012

iPhone အတွက် Google Map ပြန်လာပြီ

Apple Map ကြောင့် စိတ်ညစ်နေရတဲ့ iUsers တွေအတွက် Google က ယနေ့ Google Map App ကို ချပေးလိုက်ပါပြီ။

iTune Store မှာ တင်ပေးလိုက်တဲ့ နာရီပိုင်းပဲရှိသေးတဲ့အချိန်မှာ Google Map ဟာ ထိတ်တန်း Free App တစ်ခုနေရာကို ရောက်သွားပြီး 5Stars အဆင့်အဖြစ် U
ser တွေအားလုံးနီးပါးက Rating ပေးထားပါတယ်။

Turn-by-Turn Navigation စနစ်ကို ထည့်သွင်းထားပြီး အသံနဲ့လည်း ရှာဖွေခိုင်းစေလို့ရမှာ ဖြစ်ပါတယ်။ Mode ၃မျိုးကိုလည်း ပြောင်းလဲနိုင်ပြီး၊ Street View Mode လဲ ပါဝင်မှာ ဖြစ်ပါတယ်။

iPad Version တော့ လက်ရှိအချိန်မှာ မတွေ့ရသေးပါဘူး။

Google Map App ဟာ iOS 6 ထွက်ရှိခဲ့တဲ့အချိန်မှာ Apple က ဖယ်ရှားထားခဲ့ပြီး၊ Apple ရဲ့ ကိုယ်ပိုင် Apple Map App ကို အစားထိုးခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း Apple Map ဟာ ပြည့်စုံကောင်းမွန်ခြင်း မရှိခဲ့ဘဲ၊ မှားယွင်းမှုပေါင်းများစွာနဲ့ အသုံးပြုသူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

Cook ကိုယ်တိုင်ကလည်း အသုံးပြုသူတွေကို တရားဝင်တောင်းပန်ခဲ့ရပြီး၊ Apple's iOS software chief Scott Forstall ကို Apple Map ရဲ့ မှားယွင်းမှုတွေကြောင့် အလုပ်မှထုတ်ပစ်ခဲ့ပါတယ်။

Apple Map ရဲ့ အမှားအယွင်းတွေကြောင့် သောကရောက်နေကြတဲ့၊ သူငယ်ချင်းဟောင်းကြီး Google Map ကို မျှော်နေခဲ့ကြသူတွေအတွက် ယခုဆိုရင် iTunes Store မှာ သွားရောက် Download လုပ်ယူနိုင်ပြီဖြစ်ပါတယ်။ 
 
အဆင်ပြေပါစေ
nara

0 comments:

Post a Comment